RFA Burmese tracks on Soundclound

#burmeserfa

စာဝိုင်းပေဝိုင်း စကားဝိုင်း
RFA Burmese

အခုအပတ်မှာ အနုပညာလုပ်ငန်းများအကြောင်း ပြင်ပကလောင်ရှင် မေစာ က ဆွေးနွေးတင်ပြထားပါတယ်။

31
နိုင်ငံတော်သစ်ဆီသို့
RFA Burmese

ဒီတပတ်မှာတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဦးစားပေး ရည်မှန်းချက်ပန်းတိုင်တွေကို ရောက်ရှိဖို့ တရားမျှတမှုကို လက်လှမ်းမီခြင်းဟာ ကနဦးလိုအပ်ချက်ဖြစ်ကြောင်းနဲ့ နိုင်ငံတော်နဲ့ ပြည်သူ ပိုမိုပူးပေါင်းဆောင်ရွက်လိုတဲ့ ကတိက၀တ်ကို အခုထက်ထင်သာမြင်သာရှိအောင် ဖော်ပြဖို့ ဆောင်းပါးရှင် ဒေါက်တာ ညိုညိုသင်း က တင်ပြထားပါတယ်။

49
ရန်ကုန် မြို့နယ်တချို့မှာ မီးခိုးငွေ့နဲ့ ညှော်နံ့တွေကြောင့် ကျန်းမာရေးထိခိုက်
RFA Burmese

(၅) ရက်နီးပါးခန့်ရှိနေပြီဖြစ်တဲ့ ထိန်ပင်အမှိုက်ပုံမီးကြောင့် လှိုင်သာယာအပါဝင် အနီးဝင်းကျင်က မြို့နယ်တွေမှာ မီးခိုးငွေ့တွေနဲ့ ဆိုးဝါးတဲ့ ညှော်နဲ့တွေကြောင့် ကျန်းမာရေး ထိခိုက်လာနေတဲ့အထိ ကြုံနေကြရပါတယ်။ အပြည့်အစုံကို မသင်းသီရိ တင်ပြထားပါတယ်။

28
အစိုးရနဲ့ KNPP မနက်ဖြန် တွေ့ဆုံဆွေးနွေးမယ့်အစီအစဉ် မေးမြန်းချက်
RFA Burmese

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ငြိမ်းချမ်းရေးကော်မရှင်နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ လွိုင်ကော်မြို့မှာ ၂ ရက်ကြာ တရားဝင်တွေ့ဆုံဆွေးနွေးကြမယ့်အကြောင်းနဲ့ ပတ်သက်လို့ KNPP ငြိမ်းချမ်းရေးကော်မရှင် ပြောခွင့်ရသူ နဲနယ်ပလိုး ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။ Photo: Peace Commission - facebook

30
Apr 25 Evening Program
RFA Burmese

ဧပြီလ ၂၅ ရက်နေ့ ညပိုင်း RFA အစီအစဉ်

111
ဆက်သွယ်မေးမြန်းချက်
RFA Burmese

ရိုက်တာ သတင်းထောက် ၂ ဦးအမှုမှာ တရားလိုပြ သက်သေအဖြစ် ထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ရတဲ့ သက်သေအဖြစ် ကြေညာပေးဖို့ တရားရုံးကို အစိုးရရှေ့နေတွေက လျှောက်ထားတာနဲ့ပတ်သက်ပြီး တရားရုံးမှာ ဒီနေ့ နှစ်ဖက်ရှေ့နေတွေ လျှောက်လဲချက် ပေးကြပါတယ်။ အမှုအခြေအနေကို ရိုက်တာ သတင်းထောက် ၂ ဦးရဲ့ ရှေ့နေ ဦးခင်မောင်ဇော် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။ (တရားလိုသက်သေ ဒုရဲမှူး မိုးရန်နိုင် ကို အင်းစိန်မြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ် ဧပြီလ ၂၀ ရက်ေန့က တွေ့ရစဉ် )

202
ဆက်သွယ်မေးမြန်းချက်
RFA Burmese

လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်အင်အား ၃၀၀ လောက်နဲ့ ငြိမ်းသတ်နေရပြီး မီးသတ်သမားတချို့ကို အောက်ဆီဂျင်ပေးနေရတဲ့ အခြေအနေတွေ ရှိတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောပါတယ်။ ဦးဝင်းနိုင် ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

52
Apr 25 Morning Program
RFA Burmese

ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်း RFA အစီအစဉ်

204
လူမှုစီးပွားကြေးမုံပြင်
RFA Burmese

အခုတစ်ပတ်မှာ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအခြေအနေအကြောင်း ဆွေးနွေးထားပါတယ်။ ဦးတင်အောင်ခိုင်က ဖတ်ကြားထားပါတယ်။

128
မွန်ပြည်နယ်က ကျေးရွာ ၄၀ ကျော် ရေရှားပါးမှု မေးမြန်းချက်
RFA Burmese

မွန်ပြည်နယ်မှာ ဒီနှစ်အတွင်း မြို့နယ် ၄ မြို့နယ်က ကျေးရွာ ၄၀ကျော် ရေရှားပါးမှုနဲ့ ကြုံတွေ့နိုင်ပြီး အဲဒီမြို့နယ်တွေထဲမှာ ရေရှားပါးမှုအန္တရာယ်အများဆုံးကတော့ ပေါင်မြို့နယ်ဖြစ်ပါတယ်။ ရေအခက်အခဲရှိသူတွေအနေနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနရုံးကို ဖုန်းဆက်အကူအညီ တောင်းခံနိုင်ပြီး ရေရှည်စီမံကိန်းအနေနဲ့တော့ ကျေးရွာတွေမှာ မိုးရေလှောင်ကန်ကြီးတွေ တည်ဆောက်ပြီး ရေတွေကို သိုလှောင်သွားမယ်လို့ ပေါင်မြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ်က ပြောပါတယ်။ ဦးကျော်ကျော်လတ်ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။ (ကျေးရွာတစ်ရွာမှာ ဒေသခံတွေကို ရေများဖြန့်ဝေပေးနေစဉ်)

66
NVC ကတ်ရှိသူတွေ လွတ်လပ်စွာ သွားလာခွင့်အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံရေးပါတီတွေ
RFA Burmese

ရခိုင်ပြည်နယ်အတွင်းက NVC နိုင်ငံသားစိစစ်ရေး သက်သေခံကတ် ကိုင်ဆောင်ထားသူတွေကို နိုင်ငံအတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုမယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ဒီအစီအစဉ်ကြောင့် နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ထိခိုက်မှုတွေရှိလာမှာကို စိုးရိမ်ကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်တွေက ပြောပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

544
NVC ကတ်ရှိသူတွေ လွတ်လပ်စွာ သွားလာခွင့် NLD ပါတီအစိုးရ ရပ်တည်ချက်
RFA Burmese

ရခိုင်ပြည်နယ်ထဲက NVC (National Verification Card) သက်သေခံကတ်ပြား ကိုင်ဆောင်ထားသူတွေကို နိုင်ငံတွင်း လွတ်လပ်စွာသွားလာခွင့်ပြုလိုက်တာ၊ နိုင်ငံသားဖြစ်ခွင့်ပြုမယ်ဆိုတာတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်နဲ့ ကိုက်ညီတယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။ ဒေါက်တာမျိုးညွန့် ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။

848
Apr 24 Evening Program
RFA Burmese

ဧပြီလ ၂၄ ရက်နေ့ ညပိုင်း RFA အစီအစဉ်

223
ဆက်သွယ်မေးမြန်းချက်
RFA Burmese

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံ တစ်ထောင်လောက်ဟာ နမ္မတီးကခရစ်ယာန်ဘုရားကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။ ထွက်ပြေးခိုလှုံနေကြသူတွေကို ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဆောင်ပြီး ဆန်၊ အရေးပေါ်ရိက္ခာ နဲ့ အခြေခံသုံးပစ္စည်းတွေကို ဒီကနေ့ လှူဒါန်းခဲ့ကြပါတယ်။ ကူညီကယ်ဆယ်ရေးမှာ လိုက်ပါခဲ့တဲ့ နမ္မတီးမြို့မိမြို့ဖ ဦးဝင်းဘို ကို RFA သတင်းထောက် ကိုကျော်မျိုမင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

70
တင်ပြချက်
RFA Burmese

သားယောက်ျားလေးပဲလိုလားတာမို့ မြန်မာ့အိမ်နီးချင်း အိန္ဒိယနဲ့ တရုတ်နိုင်ငံမှာ အမျိုးသားဦးရေ များပြီး ဇနီး ရှာရခက်တာတွေဟာ မြန်မာအမျိုးသမီးတွေကို ဂယက်လာရိုက်ခတ်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

223
Apr 24 Morning Program
RFA Burmese

ဧပြီလ ၂၄ ရက်နေ့ မနက်ပိုင်း RFA အစီအစဉ်

185
ဒုရဲမှူး မိုးရန်နိုင် မတရားဖမ်းဆီးခံထားရကြောင်း ဇနီးဖြစ်သူ RFA ကို ထုတ်ဖော်ပြောကြား
RFA Burmese

ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ၁၆ (ခ)နဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင်ဟာ အပြစ်မရှိဘဲ မတရားဖမ်းဆီးခံရတာဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်တူးတူးက ပြောပါတယ်။ ဒုရဲမှုးဖမ်းဆီးခံရတဲ့ အခြေအနေ အပါအဝင် လက်ရှိမိသားစု ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဒေါ်တူးတူး ကို RFA အဖွဲ့သူ မခင်ခင်အိ က ဆက်သွယ်မေးမြန်းထားပါတယ်။

320
တင်ပြချက်
RFA Burmese

နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်ရဲ့ အမှုနဲ့ ပတ်သက်လို့ ဘယ်သူကိုမှ ကာကွယ်မနေပဲ အမှန်တရားကို အခြေခံဆုံးဖြတ်ဖို့ လိုအပ်နေပြီး၊ ဒါမှသာ မြန်မာနိုင်ငံ တရားစီရင်ရေး ဂုဏ်သိက္ခာရှိမှာဖြစ်တယ်ဆိုတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို မသင်းသီရိ တင်ပြထားပါတယ်။

1,185
လမ်းဆုံက ဂျမ်းဘုံ
RFA Burmese

“ဘော်ဒါကြီးခမျာ ဝန်ကြီးကတော်ကို သနားပြီး လိုက်ငိုရတော့မလား၊ အဟောင်းတွေကိုဇောကပ်ပြီး အတောမသတ်အောင် အမောဇာတ်ခင်းနေရကောင်းလားလို့ အော်ပြီး ဟားလိုက်ရယ်လိုက်ရတော့မလား၊ ဘာလုပ်ရမှန်းကို မသိတော့ဘူး” တဲ့။ အသေးစိတ်ကို ဆက်လက်နားဆင်နိုင်ကြပါတယ်။

314
Apr 23 Evening Program
RFA Burmese

ဧပြီလ ၂၃ ရက်နေ့ ညပိုင်း RFA အစီအစဉ်

239
loading...